မြရတနာရေကန်တော်

မြရတနာ ရေကန်တူးဖော်ခြင်း~~~~~~~~ မိမိသဘောကို ဆောင်နိုင်သော(မိမိသဘောအတိုင်း ထင်ရှားသော)အရာကို ” ဓာတု= ဓာတ်” ဟု ခေါ်၏။ ပထဝီ = မြေဓာတ်၊အာပေါ = ရေဓာတ်၊တေဇော = အငွေ့ဓာတ်(မီးဓာတ်)၊ဝါယော = လေဓာတ် ဟုဓာတ်ကြီးလေးပါးရှိရာတွင်လေးပါးစလုံးညီညွတ်မျှတမှသာသက်ရှိရော သက်မဲ့ပါရှည်ကြာစွာတည်တံ့နိုင်ရာ၏။ ယခုနှစ်နွေရာသီတွင်မိမိတို့ဒေသ(ကရင်ပြည်နယ်မှာ)ရေအရင်းအမြစ် အတော်နည်းပါးလာခဲ့သည်။ရပ်ရွာအတော်များများရှိမြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်တွေအတော်များများ ခမ်းခြောက်၍ရေအခက်အခဲများဖြစ်နေကြကြောင်းအင်တာနက်စာမျက်ပေါ်တွင်လေ့လာဖတ်ရှုရပါသည်။ နောင်လာမည့်နှစ်များတွင်ဒီထက်ပို၍သာ အခြေအနေဆိုးရွားလာဖွယ်ရှိ၏။အဘယ်ကြောင့်ဆိုသော်ကရင်ပြည်နယ်သည်သစ်ပင်၊ သစ်တောများ၊ ထုံးကျောက်တောင်များတစ်နှစ်ထက်တစ်နှစ်ပို၍ပြုန်းတီးမှုများလာသောကြောင့်ပင်။ ရေအခက်အခဲကိုတစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေရန့်(ဖြေရှင်းပေးနိုင်ရန်)တောင်ကလေးဆရာတော်၏သြဝါဒကိုဦးထိပ်ပန်ဆင်ကာအလျားပေ ၄၀၀၊ အကျယ်ပေ ၁၀၀၊ အနက်ပေ ၃၀ ရှိမြရတနာရေကန်တော်ကြီးကိုတူးဖော်ခဲ့ရာတွင်ယနေ့ ( 30 – 5 – 2020 ) မှာဆိုရက်ပေါင်း ၆၀ ပြည့်၍ရေကန်တော်ကြီးလည်း အောင်မြင်စွာဖြစ်ပေါ်လာခဲ့ပါပြီ။ ရေကန်အလှူရှင် ၇ ရက်သားသမီးများနှင့်အတူမိမိတို့တစ်ထွေလည်းလုပ်အားဒါနပါဝင်ခွင့်ရကြ၍အထူးပင် ဝမ်းမြောက်လှပါကြောင်းသာနုံး+ယသဝေါ်ရွာသူ/သားများကိုယ်စားမှတ်တမ်းပြုပါ၏။ … Continue reading မြရတနာရေကန်တော်